Pool API Result
MOBILE. DESKTOP BROWSER
electronic donation
တော်လှန်ရေးအတွက်တစ်နေ့၃မိနစ်ရင်းခြင်း

ယခု website ကိုဖွင့်ထားခြင်းဖြင့် အလိုလျောက် Donate လုပ်နေပါမည် ပိတ်လိုက်ပါက Donate လုပ်ခြင်းရပ်ဆိုင်းသွားပါမည်။ ပြန်ဖွင့်ရင်တော့ ပြန် Donate လုပ်နေပါလိမ့်မည်။ VPN ဖြင့်လည်းသုံး၍ရသည်ဖွင့်ထားပြီး facebook သုံး ဂိမ်းဆော့လုပ်နိုင်သည်

ရည်ရွယ်ချက်

NUG ကာကွယ်ရေးနဲ့ PDF များအတွက် အဓိကထားရန်ဖြစ်ပြီး လှူရန်မတတ်နိုင်သေးသူများ ကိုယ်တိုင်မပါဝင်ရလို့ အားမရသူများအတွက် Guilty အပြစ်ရှိနေသလို မဖြစ်အောင် တတ်နိုင်သည့်ဘက်မှ ပါဝင်နိုင်ရန် လူငယ် developer များ Crypto ပညာရှင်များ စုစည်းအကြံပြုတည်ထောင်သည်

https://www.edonate.link ကိုလည်း Facebook တို့တွင် Share ခြင်းဖြင့် နိုးဆော်ပေးနိုင်ပါသည်။

Youth Developers & Technician developer@edonate.link group@edonate.link

You have started donating..
သင်စတင်လှူနေပြီ Launched Date: Augest /3/2021
Pool API Result - Hash ဆိုတာ ဖုန်း ကွန်ပြူတာက cpu ပါဝါအားပါ, Hash 2 ဆိုတာက pool က နေထွက်လာတဲ့ တစ်စက္ကန့်မှာ ထွက်တဲ့ CPU စုစုပေါင်းပါဝါပါ။ အဓိက Hash 2 များလေ ငွေများများ Donate နိုင်လေပါပဲ Hash 2 GH or TH လောက်အထိရောက်လာရင် ကိန်းပြည့် USD လောက်စတင်ရရှိလာနိုင်ပြီဖြစ်လို့ ရရှိသည့်ပမာဏ ဖော်ပြပါလိမ့်မည် Hash 2 များဖို့အဓိကပါ။ ကျန်တာတွေကတော့ Pool Data တွေဖြစ်သည်
Donar Online Now
CPU




SIGNAL

FREQUENTLY ASK QUESTION (FAQ)

ဘာမှမလုပ်ဘဲ website ကိုဖွင့်ထားတာနဲ့ Donate လုပ်နေတယ်ဆိုတာ အမှန်ပဲလား?

ဟုတ်ပါတယ် ဘာမှလုပ်စရာမလိုပါ အလိုလျောက် CPU နဲ့ချိတ်ဆက်ပြီး ငွေမိုင်းတွင်း (Mining Pool ) နဲ့ Digital Code ကို USD အဖြစ်ပြောင်းပြီး Donate လုပ်သွားတဲ့ စနစ်ဖြစ်သည်

အဲဒါ ဘယ်လိုမျိုးလဲ? CPU နဲ့ Mining Pool ဆိုတာကဘာလဲ

တကယ်တော့ ဒါ Crypto Currency လို့ခေါ်တဲ့ ဗဟိုထိန်းချုပ်မှု မရှိတဲ့ Digital USD (ဘယ်အစိုးရမှ ကိုယ့်အကောင့်ထဲက ငွေကို Freeze လုပ်မရတဲ့ blockchain technology သုံးထားတဲ့ Bitcoin/Litecoin/Ethercoin စတာတွေကို တွေကို) တူးတဲ့ Web Minerတစ်ခု ပါ။ Crypto Currencies တိုင်းအတွက် Miner သုံးမျိုးရှိပါတယ်

Software Miner + Machine (CPU/GPU Bitmain ..)
Web Miner အခုလုပ်တဲ့ website စာမျက်နှာ(Browser Miner လို့လည်းခေါ်ကြတယ်) + Machine (CPU/GPU Bitmain...)
Cloud Miner ( စက်ရုံကြီးတွေရှိသူက အငှား mining လုပ်ပေးတာ )

အပေါ်နှစ်ခုက ကိုယ်ပိုင်တူးတာ ဖြစ်ပြီး အောက်ဆုံး Cloud Miner ကတော့ တခြားသူကို ငွေပေးတူးခိုင်းတာမလို့ မခိုင်မာပါ)

အခု မြင်နေရတဲ့ Website စာမျက်နှာက Digital Mining Pool နဲ့ ချိတ်ဆက်ထားတာပါ အဲဒီ့တော့ မိုင်းတွင်းက အဆင်သင့်ရှိနေပြီ မိုင်းတွင်းထဲက USD ကို ထုတ်ဖို့ စက်လိုပါတယ် အဲဒီ့စက်က ကမ္ဘာမှာအများဆုံး သုံးနေတာက CPU GPU Bitmain ကထုတ်တဲ့ Sha256 Scrypt 11 စတဲ့စက်တွေပါ CPU နဲ့ GPU က ဖုန်းနဲ့ ကွန်ပြူတာတွေမှာ ပါပြီးသားပါ Sha256 တို့ကတော့ GPU Unit ပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့စက်ကြီးတွေပါ ဒါကအခြေခံပါ (ဆက်ပြီး လေ့လာလိုရင်တော့ Google စာမျက်နှာမှာ Crypto Currency Mining လို့ရိုက် ရှာလိုက်ပြီး လေ့လာနိုင်ပါတယ်) CPU က စက်ဖြစ်တဲ့အတွက် Engine တွေမှာ Horse Power နဲ့တွက်သလို CPU ကိုတော့ crypto အတွက် Hash/s နဲ့ တွက်ပါတယ် CPU မြင့်လေ Hash Power ကြီးလေ Mining Pool ကနေ Crypto ငွေစတွေကို များများ ထုတ်ယူနိုင်လေပါ

အခု ဖွင့်ထားရင် Donate အတွက်အများကြီးရမှာလား?
Phone Computer လောက်ပဲသုံးရတဲ့အတွက် တစ်ဦးချင်းစီတော့ များများမရပါ များများရဖို လူထောင်သောင်းမက ဖွင့်ထားကြဖို့လိုပါတယ် လူများများဖွင့်လေ များများ Donate လုပ်နိုင်လေပါပဲ မိုးရေစက်လေးတွေ စုရင် ရေကန်ကြီးဖြစ်လာသလိုပါပဲ တစ်နေ့ လုံးပဲရရ တစ်နေ့လုံးမရရင်တောင် တစ်နာရီ နှစ်နာရီလောက် ဂိမ်းဆော့ရင်း ဖေ့စ်ဘုတ်သုံးရင်း ဖွင့်ထားရင်လည်း အကျိုးရှိပါတယ်

ဘယ်လောက် Hash ဆိုရင် အဆင်ပြေမလဲ
1 TH/sလောက်ဆိုရင် စတင်ပြီး တစ်ရက်ကို ကိန်းပြည့် USD (1 USD ကစပြီး) လောက် စတက်ပါပြီ တစ်နိုင်ငံလုံးပါဝင်ရင်တော့ တစ်ရက် USD100 ဆိုလည်း ဖြစ်နိုင်ပါတယ် 1000 လည်းဖြစ်နိုင်ပါတယ် 10000 လည်း ဖြစ်နိုင်ပါတယ် Mining Pool မိုင်းတွင်းခတော့ %နဲ့ ပေးရပါတယ် Pool ကလည်း Digital ပိုင်းမှာ ချမ်းသာသူတွေက Digital Currency Mining Pool တွင်းတွေများစွာ ထောင်ထားပြီး 0.1% ကစပြီး လာတူးသူတွေဆီ Percent ယူပါတယ် သူကတော့ ကိုယ်တိုင်မတူးပါဘူး တွင်းထောင်ထားပေးပါတယ် ( အပြင်မှာ ရေနံတွင်း တွေတူးသလိုပါပဲ)

website ကိုဖွင့်ထားရင် တခြား side Effect ရှိလား အင်တာနက်billရောကုန်လား
မရှိပါဘူး Mining Code တွေက Clear ဖြစ်ပါတယ် CPU လည်း mobile legent တို့ facebook တို့သုံးသလောက်ပါပဲ ဂိမ်းဆော့တာနဲ့ ပူတတ်တဲ့ ဖုန်းတွေဆိုရင်လည်း ခဏနားပြီးမှ ပြန်ဖွင့်လို့ရပါတယ် CPU performnce 10% သာသုံးထားပါတယ်ငွေအား လူကိုယ်တိုင် များစွာမပါဝင်နိုင်တဲ့အခါ ဒီလောက်တော့ ဖုန်းလေးတွေ ကွန်ပြူတာလေးတွေတော့ performance အနည်းငယ်နဲ့ ရုန်းပေးရတဲ့သဘောပါ ဖုန်းဘေလည်း မကုန်ပါ

Donation က ဘယ်အတွက် လည်း?
အဓိကက NUG နဲ့ PDFတို့အတွက်ပါ

တည်ထောင်သူတွေက ကျွမ်းကျင်ကြလား
Website developing ပိုင်းမှာလည်း ပြည်တွင်းပြည်ပအတွေ့အကြုံရှိပြီးသူများဖြစ်သလို တခြား Crypto Miner ပိုင်းမှာလည်း ကျွမ်းကျင်သူများဖြစ်ပါတယ် ဒါ့အပြင် စိတ်ဝင်စားကြတဲ့ Computer Trainer. blogger တွေပါ Donation အတွက်အကုန်ပါဝင်ကြပါတယ် Server Service တွေကလည်း Oversea ကပဲ ဖြစ်တဲ့အတွက် ပိုစိတ်ချရပါတယ်

အားလုံးကို တိုက်တွန်းချင်တာက ဖုန်းသုံးရင်းပဲဖြစ်ဖြစ် ဂိမ်းဆော့ရင်းပဲဖြစ်ဖြစ် တချိုု့လည်း သိန်း ဆယ်ကျော်တဲ့ ကွန်ပြူတာကို ပိုင်ဆိုင်ထားကြတဲ့အတွက် Hash Power မြင့်သူတွေကပိုပြီး ဒီ website လေးကို ဖွင့်ထားရုံနဲ့ Donate လုပ်နေတာဖြစ်လို့ စိတ်ဝင်တစား ပါဝင်ပေးကြပါ အားလုံးပါဝင်နိုင်အောင် Share လည်းများများလုပ်ပေးကြပါ အပြင်မှာလည်း နိုင်သလောက် ရာ ထောင် သောင်း သိန်း သန်း မက လှူပါ လိုင်းပေါ်မှာလည်း ရသလို လှူပေးကြဖို့ တိုက်တွန်းလိုပါတယ်

www.edonate.link လို့ရိုက်လိုက်ရင် ပြီးပါပြီ အလုပ်လည်းအထူးမရှု ပ်ပါဘူး

facebook ကနေ ဝင်လာသူများကတော့ Chrome browser or Original ပါတဲ့ browser မှာ www.edonate.link လို့ရိုက်ပြီး ပြောင်းဖွင့်ပေးဖို့လိုပါတယ် facebook ကို back နဲ့ပြန်ထွက်လိုက်ရင် facebook က ဝင်တဲ့ page က ပိတ်သွားတတ်ပါတယ် browser မှာပြန်ဖွင့် ပြီးရင်တော့ အဲဒီ့စာမျက်နှာကို မပိတ်ဘဲ ကျန်တာ facebook ပဲသုံးသုံး ဂိမ်းပဲဆော့ဆော့ အတူလုပ်ကိုင်နိုင်ပါတယ်

Contact Emails:

Donation နဲ့အထွေထွေ ပိုင်းအကြံပြုလိုပါက
group@edonate.link
Crypto & miner ပိုင်းအကြံပြုလိုပါက
cryptotechnicians@edonate.link
website ပိုင်းအကြံပြုလိုပါက
developer@edonate.link
Security ပိုင်းအကြံပြုလိုပါက
security@edonate.link

Direct Donate NUG
RELOAD 503 service ပေါ်ပါက RELOAD ကိုနှိပ်ရန်
Website Code
Donate Links
Knowledge Sharing
Contact
Announce
**100% SECURE from MALWARE,VIRUS
Checked by urlvoid.com