How to Donate Directly NUG using Crypto Currency
NUG ကိုတိုက်ရိုက်လှူမယ်ဆိုရင်တော့ ပြည်တွင်းမှာဆိုရင် Crypto သုံးတာလည်း တိုက်ရိုက်ပါပဲ (အခြား NUG Verifier Donation အဖွဲ့အစည်း လူတွေရှိပါတယ်)

ဘယ်လိုစလှူမလဲ

facebook search ကိုသွားပါ bitcoin myanmar လို့ရိုက်ရှာပါ ဒါမှမဟုတ် crypto exchanger ဒါမှမဟုတ် bitcoin exchanger ဒါမှမဟုတ် USTD ဝယ် Bitcoin ဝယ် Bitcoin ရောင်း BTC ဝယ် BTC ရောင်း စတဲ့ keywords နဲ့ရှာပါ Crypto လောက အသုံးအနှုန်းတွေ နဲ့ Group တွေ page တွေတွေ့ပါလိမ့) (Exchanger ဆိုတာ မြန်မာငွေနဲ့ Crypto Coins တွေကို အပြန်အလှန် ရောင်းချ လဲလှယ်ပေးသူများဖြစ်သည်)

Myanmar မှာ ရှေ့အစိုးရနှစ်ဆက် ကတည်းက အသိအမှတ်မပြုထားပေမယ့် ကမ္ဘာဈေးကွက်မှာလည်း ဝင်လို့ ၂၀၁၄ လောက်ကတည်းက ကြီးထွားလာခဲ့တာ အခုဆိုရင် ထိန်းချုပ်လို့ပိုတောင် မရတော့ပါဘူး အခုမှ ကောက်ခါငင်ခါ ပေါ်လာတဲ့ ဈေးကွက်လည်းမဟုတ် ပြီးတော့ Exchanger လဲလှယ်ပေးသူတွေကလည်း အစိုးရနှစ်ဆက် ဖြတ်သန်းလာတဲ့အတွေ့အကြုံတွေနဲ့မလို့ ကျွမ်းကျင်ကြပါတယ် NUG အစိုးရစတင်သုံးစွဲတဲ့အခါ အကုန်လုံးက ပိုပြီး အတွေ့အကြုံတွေပေါင်းစပ်ပြီး ဒီဈေးကွက်က အရင်ထက်ပိုကျယ်ပြန့်နေပါတယ်

အပေါ်ကပြန်ဆက်ရရင် facebook search မှာ ရှာပြီး ရင်တွေ့ပါလိမ့်မယ် သက်ဆိုင်တဲ့ ဂရုတွေ page တွေ trader တွေ သိန်းပေါင်းများစွာ တွေ့ပါမယ် ၂၀၁၄ ကတည်းက ကြီးထွားလာတာမလို့ မြန်မာနိုင်ငံမှာတင် နားလည်ပြီး သုံးနေတဲ့သူ သိန်းဂဏန်းရှိနေပါတယ် တစ်နိုင်ငံလုံအတိုင်းအတာ သန်းနဲ့တွက်ရင်တော့ နည်းပါတယ်

ပြီးရင် page တွေ့ရင် review ရှာပြီး ၅ ထောင်ဖိုးလောက် စမ်းလှူပါ ပိုပြီးကောင်းတာက ဂရုတွေမှာ ဘယ် exchanger ရှီလည်းလို့ တင်မေးတာမျိုး Recommad ပေးတဲ့ exchanger မျိုးကို ဂရုမှာ လိုက်ဖတ်ပြီး ရှာတာမျိုးလည်းရပါတယ် ပြီးရင် ၅ ထောင်ဖိုးလောက် N ကို စမ်းလွှဲကြည့်ပါ အစစ်အမှန်ကတော့ မလိမ်ပါ လိမ်တဲ့သူကတော့ ၅ ထောင်လည်း လိမ်ပါတယ် အစစ်အမှန်လို့လည်း Recommand လုပ်ထားတယ် စမ်းလွှဲတော့လည်း Transaction မှန်တယ်ဆိုရင် 50$ 500$ အကြိမ်ကြိမ် တဖြေးဖြေး လှူလို့ရပါပြီ

Wave Kpay သူတို့ကို စိတ်ချလို့ရတယ် အစိုးရနှစ်ဆက် ကို ကောင်းကောင်းဖြတ်သန်းတဲ့သူတွေဖြစ်လို့ Trace ကို ဖျောက်တတ်ကြပါတယ် ထိုင်း တို့ မလေးတို့ကနေတောင် လှမ်းလုပ်နေသူများလည်း ရှိကြပါတယ်

လွှဲပြီးနောက် မှန်မမှန် Transaction ကြည့်နည်း။
NUG ရဲ့ official လိပ်စာတွေပါ facebook Ministry of Information Nug blue mark မှာလည်း သွားစစ်ကြည့်လို့ရပါတယ် https://m.facebook.com/story.php?story_fbid=140646854822621&id=105408625013111
အသုံးများပြီး သုံးရလွယ်တဲ့ Address တွေကို အဝါနဲ့ Highlight လုပ်ပေးထားတာပါ

BUSD (BEP 20) ဆိုတာ Binance USD ပါ BEP 20 ဆိုတာ binance exchange platform ကိုသုံးထားတယ် binance network ကိုသုံးထားတယ်ဆိုလိုသည် Network တွေက ၅ မျိုးလောက်ရှိသည် bitcoin blockchain network လမ်းကြောင်းကြပ်လာတဲ့အခါ Ether blockchain Network လိုမျိုးတွေ ပေါ်လာခြင်းဖြစ်သည် နောက် bitcoin blockchain network နဲ့မပေါင်းတော့ဘဲ network တူရာလွှဲခြင်းမျိုး BEP blockchain Mint Blockchain မျိုးကို နောက်ပိုင်းတည်ထွင်လာကြခြင်းဖြစ်သည် အကုန်လုံးကတော့ blockchain technology ကို အခြေခံထားခြင်းဖြစ်သည်
*NUG ရဲ့BUSD (BEP20) Address: 0x6108d91147194064F0F10e4B13317CFe841a1eF0

လွှဲပြီးရောက်မရောက်စစ်ရန် Link (Exchanger ကလည်း Transaction လင့်ပေးပါလိမ့်မယ် လွှဲပြီးကြောင်း စစ်ရန်လင့်ကို screen shotလောက် နဲ့ crypto လောကမှာ အလုပ်မလုပ်ကြပါ သူပေးတဲ့ လင့်website ကတော့ တခြား website လည်းဖြစ်နေနိုင်ပါတယ် စစ်လို့ရတဲ့ဆိုက်က အများကြီးရှိပါတယ် ဒါပေမယ့် ဘယ်ဆိုက်ကစစ်စစ် ရောက်ရင် transaction စစ်တဲ့ဆိုက်တိုင်းမှာ ပေါ်ပါတယ်) အခုဆိုရင် NUG ကိုလှူထားတဲ့ transaction တွေတွေ့ပါလိမ့်မယ် ဒါကတော့ public ပါ လူတိုင်းဝင်စစ်လို့ရပါတယ် NUG က BUSD ဘယ်လောက် အဝင်လက်ခံထားလည်းကအစကြည့်လို့ရပါတယ် ဒါပေမယ့် နာမည် လိပ်စာတော့ လုံးဝလိုက်လို့မရပါ https://bscscan.com/address/0x6108d91147194064F0F10e4B13317CFe841a1eF0


အောက်က လိပ်စာတွေလည်း အဲဒီလိုပါပဲ BUSD-T ဆိုတာက binance tether USD
USD-T(ERC 20) ဆိုတာက Tether USD (ERC 20 Network - Erc 20 က 1 USD လွှဲလည်း Transaction Fees က USD30 လောက်ကျပါတယ် ERC ကတော့ ether Network ပါ)
USD-T (TRC 20) ဆိုတာက Tether USD ( TRC 20 Network - Trc 20 ကတော့ 1000 USD လွှဲလည်း 0.1 USD 0.5 USD လောက်ပဲကျလို့ ပိုသုံးကြပါတယ် Trc ဆိုတာကတော့ Tron Network ပါ)
USD-T လွှဲရင် Network ထည့်ပြောရပါတယ် ERC 20 လား TRC 20 လား 99 % လောက်ကတော့ TRC20 ပဲသုံးကြပါတယ် fees သက်သာလို့ပါ ERC 20 လို့မှားပြောရင်တောင် exchanger က အခါ ၂၀ လောက်ပြန်မေးပါလိမ့်မယ် fees ကြောင့်ပါ Network တော့မှားလွှဲလို့မရပါဘူး မြန်မာမှာတော့ USTD (TRC 20) ပဲသုံးတာများကြပါတယ်

NUG ရဲ့BUSD-T (BEP20) Account Address: 0x6108d91147194064F0F10e4B13317CFe841a1eF0

NUG ရဲ့USDT (ERC20) Account Address: 0x6108d91147194064F0F10e4B13317CFe841a1eF0

*NUG ရဲ့USDT (TRC20) Account Address: TEQueVntNyZdvUzRrTP9gbkyXiBvUgDuR3

ဘာလို့ Bitcoin (BTC) Litecoin (LTC) Dogecoin (Doge) တို့မသုံးတာလည်းဆိုရင် bitcoin တို့က ဈေးအတက်အကျ မြန်ပါတယ် ဒီနေ့ USD 100 လှူလိုက်ရင် နောက်နေ့ usd 50 ဖြစ်သွားနိုင်ပါတယ် BUSD တို့ USDT တို့ကတော့ ဈေးအတက်အကျ မရှိတဲ့ coin တွေလို့ပြောလို့ရပါတယ် အသေစုချင်ရင် BUSD USDT တို့စု အရှင် ဈေးအတက်အကျကစားချင်ရင် BTC LTC တို့စုကြသည် Exchanger ရှာတွေ့ရင် USTD (TRC 20) BUSD (BEP 20 ) တစ်ခုခု ဝယ်လို့ရလား မေးလိုက်ပါ ရတယ်ဆိုရင် လွှဲရမယ့် Account Address ပေးပြီး ငွေလွှဲပေးရုံပါပဲ ကျန်တာ ဘာမှ ပြောစရာမလိုပါ ဘယ်လွှဲမယ် ဘယ်သူ ဆိုတာ ပြောဖို့မလိုအပ်ပါ 5 USD လောက်အရင်စမ်းလွှဲပါ

Extra Messages
NUG ၏ donate address များကိုပါ ဖော်ပြပေးထားသည်